သည်းခြေအိတ်မှာ ဘာရောဂါတွေ ဖြစ်နိုင်သလဲ
သည်းခြေအိတ်ဆိုတာက အသည်းအောက်ဖက်နားမှာ ရှိတဲ့ သေးငယ်ဆဲ့ အစိတ်အပိုင်းလေးပါ။ သည်းခြေရည်တွေကိ သိုလှောင်ပြီး သည်းခြေပြွန်ကနေတဆင့် အူသိမ်ထဲက ပို့လွှတ်ပေးလို့ အစာခြေဖို့ ကူညီပေးပါတယ်။ ဒီစာလေးထဲမှာတော့ သည်းခြေအိတ်ထဲမှာ ဘာလိုကျန်းမာရေး အခြေအနေတွေ ဖြစ်နိုင်လဲဆိုတာကို ဖော်ပြပေးသွားပါမယ်။
သည်းခြေကျောက်တည်တာ
သည်းခြေကျောက်တည်တာက အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်း ပြဿနာပါ။ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ သည်းခြေကောက်က သည်းခြေရည်တွေ ပျစ်ပြီး ခံသွားရာကနေ ဖြစ်လာတာပါ။ သည်းခြေကျောက်တည်တာက ပုံမှန်အားဖြင့် အန္တရာယ် မရှိပေမယ့် အရမ်းကြီးရင်တော့ သည်းခြေပြွန်မှာ ပိတ်ဆို့တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဗိုက်အောင့်တာ၊ ခါးနာနာ၊ မအီမသာဖြစ်တာ၊ အော့အန်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
သည်းခြေအိတ်ကင်ဆာ
သည်းခြေအိတ်မှာ ကင်ဆာဖြစ်တဲ့အခါ ပုံမှန်အာဖြင့်ကတော့ သတိထားမိခဲပါတယ်။ အနီးတဝိုက်မှာရှိတဲ့ တစ်ရှူးတွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ပြန့်သွားမှ သိကြတာ များပါတယ်။ ဒီနေရာမှာ ကံကောင်းတာ တစ်ခုက သည်းခြေအိတ်ကင်ဆာက တော်တော်လေး ဖြစ်ခဲပါတယ်။ စောစော သိရှိမယ်ဆိုရင် ထိရောက်တဲ့ ကုသမှုတွေကို လုပ်ဆောင်ပေးနိုင်မှာပါ။ သည်းခြေအိတ်ကင်ဆာ ဖြစ်တဲ့အခါ ဗိုက်အောင့်တာ၊ လေပွတာ၊ အသားတွေ ယားတာ၊ အဖျားတက်တာ၊ ကိုယ်အလေးချိန် ကျတာ၊ မအီမသာဖြစ်တာ၊ အသားဝါတာမျိုးတွေ ခံစားရနိုင်ပါတယ်။
သည်းခြေအိတ် ရောင်တာ
သည်းခြေအိတ်ရောင်တာကလည်း အဖြစ်များတဲ့ သည်းခြေအိတ်ရောဂါ တစ်မျိုးပါ။ သည်းခြေအိတ်မှာ ကျောက်တည်တာကြောင့် သည်းခြေအိတ်ရောင်နိုင်ပါတယ်။ သည်းခြေအိတ်ရောင်နဲ့အခါ ဗိုက်အောင့်တာ၊ မအီမသာဖြစ်တာ၊ အော့အန်တာ၊ အဖျားတက်တာ၊ ညာဘက်ပခုံးနာကျင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ လက္ခဏာတွေက ပြင်းထန်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားပြဖို့ လိုပါမယ်။ လိုအပ်မယ်ဆိုရင် သည်းခြေအိတ်ကို ဖယ်ထုတ်တာမျိုး လုပ်ရမှာပါ။
သည်းခြေအိတ်တစ်ရှူးနေရာမှားတာ
ဒီအခြေအနေက မကုသဘဲ ထားမယ်ဆိုရင် သည်းခြေအိတ်ထဲက တစ်ရှူးတွေ သေဆုံးတာမျိုး ဖြစ်စေပြီး သည်းခြေအိတ် ပေါက်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဆီးချိုရှိတဲ့သူတွေနဲ့ အခြား ကျန်းမာရေးပြဿနာ တစ်ခုခု ရှိသူတွေမှာ အဖြစ်များပါတယ်။ ဗိုက်ထဲက ပြင်းပြင်းထန်ထန် နာကျင်တာမျိုး ဖြစ်မယ်ဆိုရင် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ်။
သည်းခြေအိတ် ပြည်တည်တာ
သည်းခြေအိတ် ပြင်းပြင်းထန်ထန် ရောင်ရမ်းမှုရဲ့ ရလဒ်အနေနဲ့ သည်းခြေအိတ်မှာ ပြည်တွေစုပုံလာတာမျိုးပါ။ လက္ခဏာအနေနဲ့ ဗိုက် ညာဘက်ခြမ်းမှာ အောင့်တာမျိုး ခံစားရနိုင်သလို အဖျားတက်တာ၊ ချမ်းတုန်တာတွေကိုလည်း ခံစားရနိုင်ပါတယ်။ လက္ခဏာတွေက ပြင်းထန်လာမယ်ဆိုရင်တော့ ချက်ချင်းကုသမှု ခံယူဖို့ လိုမှာပါ။
သည်းခြေပြွန် ပိတ်တာ
သည်းခြေအိတ်ရောင်တာလိုမျိုးပဲ သည်းခြေပြွန်မှာ သည်းခြေကျောက် ပိတ်ဆို့တာမျိုးပါ။ ဒီလို ပိတ်ဆို့မှုက သည်းခြေအိတ်ရောင်စေတာမျိုး ဖြစ်စေပါတယ်။ လက္ခဏာတွေအနေနဲ့ ဗိုက်အထက်ပိုင်းနားက အောင့်တာ၊ အဖျားတက်တာ၊ မအီမသာဖြစ်တာ၊ အော့အန်တာ၊ အသားဝါတာ၊ ဝမ်းအရောင်ဖျော့တာမျိုးတွေ ခံစားရနိုင်ပါတယ်။
ဒါတွေအပြင် သည်းခြေအိတ်နံရံမှာ အသားပိုလိုမျိုး အဖုအကျိတ်တွေ ဖြစ်တာ၊ မွေးရာပါ သည်းခြေအိတ် အားနည်းတာမျိုးတွေလည်း ခံစားရနိုင်ပါတယ်။
မွန်မွန်